ဒါန၏ မျက်မှောက်အကျိုး

ဝေသာလီပြည်၌ မြတ်စွာဘုရား သီတင်သုံးတော်မူစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မြတ်စွာဘုရား၊ ပေးလှူခြင်းတည်းဟူသော ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်ပါမည်လားဘုရား။

ဤသို့မေးလျှောက်သောအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။
သီဟ၊ ဒါန၏ မျက်မှောက်ခံစားရသော အကျိုးကို ပြဆိုနိုင်၏။

(၁) ပေးလှူသောသူသည် လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။
(၂) ပေးလှူသောသူကို သူတော်ကောင်းများ ဆည်းကပ်ကြ၏။
(၃) ပေးလှူသောသူသည် ကောင်းသောဂုဏ်သတင်း ကျော်စောခြင်းရှိ၏။
(၄) ပေးလှူသောသူသည် မည်သည့်ပရိသတ်သို့မဆို ၀င်ရောက်လျှင် ရဲဝံ့ရွှင်ပျစွာ ၀င်ရောက်၏။
(၅) ပေးလှူသောသူသည် သေလွန်သောအခါ နတ်ရွာသုဂတိသို့ လားရ၏။-ဟု မိန့်တော်မူလေသည်။

ဒဂုန်ဦးထွန်းမြင့်

0 comments:

Post a Comment